ဟက်ဖ်နီယမ် (Hafnium) သည် ငွေရောင်တောက်ပပြီး ပုံသွင်းလွယ်သော သတ္တုဖြစ်သည်။ ၎င်း၏ ခိုင်မာသော တည်ဆောက်ပုံ နှင့် မျက်နှာပြင်ပေါ်တွင် ဖုံးအုပ်ထားသော အောက်ဆိုဒ်(oxide) အလွှာပါးလေးကြောင့် ပွတ်တိုက် တိုက်စားမှုကို ကြံ့ကြံ့ခံနိုင်သည်။ ဟက်ဖ်နီယမ်သည် ဟိုက်ဒရိုဖလိုရစ်အက်ဆစ်(Hydrofluoric acid) မှတပါး အခြားသော အက်ဆစ်များနှင့် အယ်လ်ကာလီများ (alkalis) ၏ တိုက်စားမှုကို ကာကွယ်နိုင်သည်။ ဟက်ဖ်နီယမ်ကို ၎င်း၏ အုပ်စု ၄ အုပ်စုဝင် (Group 4 partner) ဖြစ်သော ဇာကိုနီယမ်(zirconium) မှခွဲထုတ်ရန် ခက်ခဲပေသည်။ အဘယ်ကြောင့်ဆိုသော် ဟက်ဖ်နီယမ် နှင့် ဇာကိုနီယမ် တို့သည် အက်တမ်အရေအတွက် တူညီသောကြောင့် ဖြစ်သည်။
သုံးပြုခြင်း
နယူထရွန်စုပ်ယူမှု အလွန်ကောင်းခြင်း၊ အရည်ပျော်မှတ် မြင့်မားခြင်း နှင့် ပွတ်တိုက်စားမှု ခံနိုင်ရည်ကောင်းခြင်း တို့ကြောင့် ဟက်ဖ်နီယမ် နှင့် ၎င်း၏ သတ္တုစပ်(alloy)များကို နယူးကလီယား ဒြပ်ပေါင်းဖိုများ နှင့် နယူကလီယား ရေငုပ်သင်္ဘောများတွင် အဓိကထိန်းချူပ်တိုင်(Contorl rods)များ အဖြစ်အသုံးပြူသည်။ အလွန်မြင့်မားသော အပူချိန်တွင် ဟက်ဖ်နီယမ်ကို ကြွေထည်မြေထည် များနှင့် သတ္တုစပ်များ ပြုလုပ်ရာတွင် အသုံးပြုသည်။ ဟက်ဖ်နီယမ်သည် အလွန်မြင့်မားသော အပူချိန်၌သာ အရည်ပျော်နိုင်ပေသည်။
သဘာဝမှာတွေ့ရှိမှုအခြေအနေ
ဟက်ဖ်နီယမ် သတ္တုရိုင်းများသည် ရှားပါးလှသည်။ သို့သော် ဟက်ဖ်နွန်(hafnon) နှင့် အယ်လ်ဗိုက်(alvite) တို့မှာလူသိများသည်။ စက်မှုလုပ်ငန်းသုံး ဟက်ဖ်နီယမ် ထုတ်လုပ်မှုမှာ ၁ နှစ်လျှင် ၅၀ တန်(tones) ထက်မပိုပေ။ ( 1 ton (or)1 tonne = 1000 kilograms )
ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
ဟက်ဖ်နီယမ်သတ္တုများသည် ပုံမှန်အားဖြင့် မည်သည့် ဆိုးကျိုးပြဿနာမျှ မဖြစ်နိုင်ပေ။ သတ္တုတွင် မူလပါဝင်နေသော အဆိပ်ပမာဏကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သက်သေအထောက်အထားများ ရှိစေကာမူ ဟက်ဖ်နီယမ်ဒြပ်ပေါင်း များကိုအဆိပ်အဖြစ် စေ့စပ်သေချာစွာဖြင့် သတိရှိရမည်။ ဟက်ဖ်နီယမ်သတ္တု အမှုန့်များသည် မီးလောင် ပေါက်ကွဲစေနိုင်သည်။ ၎င်းသည် ရေ၊ ဆားပျော်ရည် နှင့် ဓာတုပျော်ရည်များတွင် ပျော်ဝင်နိုင်သည်။ ဟက်ဖ်နီယမ်သတ္တုမှုန့်ကို ထိတွေ့ ကိုင်တွယ်ခြင်းဖြင့် ရှုရှိုက်မိနိုင်ပြီး မျက်လုံးနှင့် အရည်ပြား ထဲဝင်စေနိုင်သည်။ သက်ဖ်နီယမ်ကို ကြိမ်ဖန်များစွာ ထိတွေ့ကိုင်တွယ်ခြင်းဖြင့် မျက်စိ၊ အရည်ပြားနှင့် ချွဲ သလိပ် နှာရည်ထွက်သော အမြှေးပါးများကို အနည်းငယ် ယားယံစေသည်။
ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ
ဟက်ဖ်နီယမ် သည် သစ်ပင်များနှင့် ပတ်ဝန်းကျင်အပေါ် အန္တရာယ်မပေးနိုင်ပေ။ အပင်များ ကြီးထွားရှင်သန်ရန် အတွက် ဟက်ဖ်နီယမ်ပမာဏ အနည်းငယ်ကို မြေဆီလွှာမှရယူရသည်။
သက်ရှိများအပေါ် အကျိုးသက်ရောက်မှုများ
သက်ရှိများအပေါ် ဟက်ဖ်နီယမ်သတ္တု၏ အဆိပ်ဖြစ်နိုင်မှုပမာဏမှာ မပြောပလောက်ပေ။ သက်ရှိများဆိုင်ရာ လေ့လာချက်အရ ဟက်ဖ်နီယမ်ဒြပ်ပေါင်းများသည် မျက်လုံး၊အရည်ပြား၊ ချွဲသလိပ် နှာရည်ထွက်သော အမြှေးပါးများကို ယားယံစေသည်။ ထို့အပြင် အသည်းကိုလည်း ပျက်စီး စေနိုင်သည်။ မြေကြွက်များတွင် သေစေနိုင်လောက်သော ဟက်ဖ်နီယမ်ကလိုရိုက် 2.362 mg/kg ရှိပြီး ကြွက်ပေါက်စများတွင် ဟက်ဖ်နီယမ်အောက်ဆိုကလိုရိုက် 112 mg/kg ရှိသည်ဟု ယူဆကြသည်။ သဘာဝ ပတ်ဝန်းကျင်အပေါ် ဟက်ဖ်နီယမ်၏ ဆိုးကျိုးသက်ရောက်မှုများကို မတွေ့ရသေးပေ။
ကိုးကား