တန်စတင် 74W |
ယေဘုယျ ဂုဏ်သတ္တိများ |
---|
အမည်၊ သင်္ကေတ | တန်စတင်, W |
---|
အသံထွက် | ; TUNG-stən; WUUL-frəm |
---|
အခြားအမည် | wolfram |
---|
အဆင်း | grayish white, lustrous |
---|
ဒြပ်စင်အလှည့်ကျဇယားရှိ တန်စတင် |
---|
|
အက်တမ် အမှတ်စဉ် (Z) | 74 |
---|
အုပ်စု၊ ဘလော့ | group 6 |
---|
ဒြပ်စင်အလှည့်ကျဇယား | period 6 |
---|
ဒြပ်စင် ကဏ္ဍ | transition metal |
---|
စံ အက်တောမစ် အလေးချိန် (±) (Ar) | 183.84(1)[၁] |
---|
အီလက်ထရွန် ပြုပြင်မှု | [Xe] 4f14 5d4 6s2[၂] |
---|
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု | 2, 8, 18, 32, 12, 2 |
---|
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ |
---|
ဖေ့စ် | အစိုင်အခဲ |
---|
အရည်ပျော်မှတ် | 3695 K (3422 °C, 6192 °F) |
---|
အရည်ဆူမှတ် | 6203 K (5930 °C, 10,706 °F) |
---|
သိပ်သည်းမှု (အခန်းအပူချိန်) | 19.25 g/cm3 |
---|
17.6 g/cm3 |
ဖျူးရှင်းအပူ | 35.3 kJ/mol |
---|
အငွေ့ပျံခြင်း အပူ | 774 kJ/mol |
---|
မိုလာ အပူအင်အား | 24.27 J/(mol·K) |
---|
ငွေ့ရည်ဖိအား
P (Pa)
|
1
|
10
|
100
|
1 k
|
10 k
|
100 k
|
at T (K)
|
3477
|
3773
|
4137
|
4579
|
5127
|
5823
| |
အက်တောမစ် ဂုဏ်အင်များ |
---|
အောက်ဆိုဒ်ဒေးရှင်း အခြေနေ | 6, 5, 4, 3, 2, 1, 0, −1, −2, −4 (a mildly acidic oxide) |
---|
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ် | Pauling scale: 2.36 |
---|
အိုင်ယွန်းပြုခြင်းစွမ်းအင် | 1st: 770 kJ/mol 2nd: 1700 kJ/mol |
---|
အက်တောမစ် အချင်းဝက် | empirical: 139 pm |
---|
ကိုဗေးလန့်အချင်းဝက် | 162±7 pm |
---|
Miscellanea |
---|
ပုံဆောင်ခဲ ဖွဲ့စည်းပုံ | body-centered cubic (bcc) |
---|
အသံ၏အမြန်နှုန်း ပါးလွှာသော သံချောင်း | 4620 m/s (at r.t.) (annealed) |
---|
အပူ ပြန့်ကားမှု | 4.5 µm/(m·K) (at 25 °C) |
---|
အပူစီးကူးမှု | 173 W/(m·K) |
---|
လျှပ်စစ် ခုခံမှု | 52.8 nΩ·m (at 20 °C) |
---|
သံလိုက်ဓာတ် | paramagnetic[၃] |
---|
သံလိုက် ထိတွေ့နိုင်မှု (χmol) | +59.0·10−6 cm3/mol (298 K)[၄] |
---|
Young's modulus | 411 GPa |
---|
Shear modulus | 161 GPa |
---|
Bulk modulus | 310 GPa |
---|
ပိုင်ဆွန် အချိုး | 0.28 |
---|
Mohs hardness | 7.5 |
---|
Vickers hardness | 3430–4600 MPa |
---|
Brinell hardness | 2000–4000 MPa |
---|
CAS Number | 7440-33-7 |
---|
သမိုင်းကြောင်း |
---|
ရှာဖွေတွေ့ရှိမှု | ကားလ် ဗီဟိမ်း ရှေးလာ (၁၇၈၁) |
---|
ပထမဆုံး ခွဲထုတ်မှု | Juan José Elhuyar and Fausto Elhuyar (၁၇၈၃) |
---|
အမည်တပ် ခဲ့ | Torbern Bergman (၁၇၈၁) |
---|
အတည်ငြိမ်ဆုံး တန်စတင်၏ အိုင်ဆိုတုပ်များ |
---|
|
ဝီကီဒေတာတွင် | | ကိုးကား |
တန်စတင်ဟူသော အမည်မှာ လေးသောကျောက်ဟု
အဓိပ္ပာယ်ရှိသည့် ဆွစ်စကားမှ ရအပ်သောအမည်ဖြစ်သည်။
တန်စတင်သည် ဘော်အဆင်းရှိသော သတ္တုဖြစ်သည်။
အက်တမ် နံပါတ်စဉ်မှာ ၇၄ ဖြစ် ၍၊ အက်တမ်အလေးဆမှာ
၁၈၄ ဖြစ်သည်။ သိပ်သည်းခြင်းမှာ ၁၈.၈ ဖြစ်၍၊ အကြမ်း
အားဖြင့်ဆိုသော် တန်စတင်သည် ခဲထက်နှစ်ဆလေးသည်။
သတ္တုများတွင် မီးပူအခံနိုင်ဆုံးဖြစ်၍ အပူချိန် ဖာရင်ဟိုက်
၆၁ဝဝ ဒီဂရီ၌သာ အရည်ပျော်သည်။ တန်စတင်၏ အခြား
အမည်မှာ ဝူးဖရမ်ဖြစ်သည်။ မြန်မာဘာသာအားဖြင့် အဖြိုက်နက် ဖြစ်သည်။
ဓာတုသင်္ကေတမှာ (W) ဖြစ်၏။
တန်စတင်သတ္တုရိုင်းတွင် ယေဘုယျအားဖြင့် တန်စတင် ၅
ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိသာ ပါရှိတတ်သည်။ တန်စတင်
ထွက်သော ဒေသများမှာ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗိုလစ်ဗီး
ယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။
တန်စတင်သတ္တုရိုင်းများကို ဝူးဖရမ်မိုက်၊ ဟပ္ပနာရိုက်၊ ရှီးလိုက်
နှင့်ဖာဗာရိုက်ဟုခေါ်သည်။ ဤသတ္တုရိုင်းများကို တွေ့ရှိခဲ့သည်
မှာ နှစ်ပေါင်း ၁၅ဝ ကျော်ခန့်ပင်ရှိပြီ ဖြစ်သော်လည်း၊ စတင်
အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း များစွာမကြာသေးချေ။ သို့သော်
ယခုခေတ်တွင် အလွန်အသုံးများလာသဖြင့် တန်စတင်သတ္တု
ရိုင်းများသည် ရွှေသတ္တုရိုင်းနီးပါးမျှပင် အဖိုးတန်သည်။
တန်စတင်သည် အလွန်မာ၏။ ကြေးနီနန်းကြိုးထက်
ဆယ်ဆမျှဆွဲအားကိုခံနိုင်၏။ အရည်ပျော်သော အပူချိန်သည်
အလွန်မြင့်လွန်းသောကြောင့်လည်းကောင်း၊ နန်းဆွဲယူရန် မရနိုင်လောက်
အောင် ကြွပ်ဆတ်သောကြောင့်လည်းကောင်း၊ ရှေးအခါက တန်စတင်ကို
နန်းဆွဲယူရန် မတတ်နိုင်ခဲ့ကြချေ။ သို့သော် ၁၉၁၂ ခုနှစ်တွင်
ဤကိစ္စကို အလွယ်တကူနှင့် ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်
ခဲ့လေသည်။
တန်စတင်ကို နန်းဆွဲပုံမှာ တန်စတင်အက်ဆစ်မှ
ဟိုက်ဒရိုဂျင်ဖြင့် အောက်ဆီဂျင်ကို လျှော့ပစ်၍ သတ္တုကိုထုတ်
ယူပြီးလျှင် ထိုသတ္တုကို ဖိအားဖြင့် ပုံသွန်းယူသည်။ ပုံသွန်းပြီး
သောသတ္တုကို တစ်ဖန် လျှပ်စစ်မီးဖိုတွင် ဖြူဝင်းလာသည့်တိုင်
အောင် မီးတိုက်ပေးသည်။ ထိုနောက် အနည်းငယ် အအေးခံပြီး
လျှင် နီရဲနေစဉ် စိန်ပေါက်များမှ နန်းဆွဲယူနိုင်သည့်အထိ သေး
ငယ်လာအောင် လှိမ့်ပေးလေသည်။
တန်စတင်နန်းကြိုးတွင် လျှပ်စစ်ဓာတ် စီးနေသောအခါ ခုခံ
အား အလွန်ကြီးမားသောကြောင့် နန်းကြိုးမှာ ဖြူဝင်းလာသည်။
ဤအချက်အပြင် မီး၏အပူတွင် ပျော့ပျောင်း၍ မသွားဘဲ၊
တာရှည်ခံနိုင်ရည်ရှိသဖြင့် လျှပ်စစ်ဓာတ်မီးလုံးများတွင် မီးစာ
မျှင်အဖြစ်ဖြင့် အသုံးပြုသည်။ ဤမီးစာမှာ ရှေးအခါက အသုံး
ပြုခဲ့သည့် ကာဗွန်မီးစာများထက် ၂ ဆမှ ၅ ဆအထိ ပို၍လင်း
သည်။ တန်စတင်ကို အခြားသတ္တုများဖြင့် ရောယူသောအခါ
အလွန်မာ၍ စက်မှုလက်မှုပညာတွင် အသုံးဝင်သည့် သတ္တုစပ်
များကိုရရှိသည်။
သံမဏိတွင် နစ်ကယ် ရောသကဲ့သို့ တန်စတင်ရော၍
တန်စတင်သံမဏိပြုလုပ် ယူကြသည်။ တန်စတင်သံမဏိသည်
စစ်သင်္ဘောများတွင် သံချပ်ကာများကိုလည်းကောင်း၊ သံမဏိကိုဖြတ်တောက်ရန်
တန်ဆာပလာ များကိုလည်းကောင်း၊ ထာဝရသံလိုက်များကိုလည်းကောင်း ပြုလုပ်ရန်အတွက်
အလွန်ကောင်းသည်။ သံချပ်ကာ ပြုလုပ်ယူရာ၌ ဤသံမဏိကို
ဖြတ်တောက်ပစ်ရန် အလွန်ခဲယဉ်းသောကြောင့် နီရဲနေစဉ် အလို
ရှိသော ပုံကို ထုရိုက်၍ယူကြရလေသည်။ တန်စတင် သံမဏိ
ဖြင့် ပြုလုပ်ထားသော တန်ဆာပလာများသည် ရိုးရိုးတန်ဆာ
ပလာများထက် သံကို ၅ ဆမျှ လျင်မြန်စွာ ဖြတ်တောက်နိုင်သည်။
ကိုဗော့၊ ကရိုမီယမ်နှင့် တန်စတင်ပါဝင်သော စတဲလိုက်ခေါ်
သတ္တုစပ်သည် ဩဂဲနစ်အက်ဆစ်နှင့် ရိုးရိုးအဆိပ်ဖြေဆေးတို့
ကို ခံနိုင်ရည်ရှိသည့်ပြင် မာလည်း အလွန်မာသောကြောင့်
ခွဲစိပ်ကုသရာ၌သုံးသည့် ကိရိယာများကို ထိုသတ္တုစပ်ဖြင့်
ပြုလုပ်ယူကြသည်။ တန်စတင်ကို အသုံးပြုသော အခြားအသုံး
အဆောင်များမှာ အိပ်စရေးရောင်ခြည် ရိုက်ဟပ်ရန်ခံတုံး၊
သာမျန်နစ်ကရိယာ၊ ဂယ်လဗါနိုမီတာ နန်းကြိုး လျှပ်စစ်ဓာတ်
ဆက်ကိရိယာ စသည်တို့ဖြစ်သည်။
၁၉၁၈ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံသည် တန်စတင်သတ္တု
ကို တင်ပို့ရာ အဓိကဌာနတစ်ခုဖြစ်သည်။ ထိုစဉ်က ထားဝယ်၊ မြိတ်နှင့် မော်ချီသတ္တုတွင်းတို့မှထွက်သော တန်စတင် သတ္တုရိုင်းမှာ တစ်နှစ်လျှင် တန်ချိန် ၅ဝဝဝ မျှရှိသည်။
ယင်းတို့မှာ တန်စတင်နှင့်ခဲမဖြူ ရောစပ်နေသော သတ္တုရိုင်း ဖြစ်၏။ ယခုအခါ၌မူ တရုတ် ပြည်သူ့သမ္မတနိုင်ငံသည်လည်း တန်စတင် အကြီးအကျယ်ထွက်ရာအရပ် ဖြစ်နေပြီ။
[၅]
ကိုးကား