ရူသာဖော်ဒီယမ် 104Rfယေဘုယျ ဂုဏ်သတ္တိများ |
---|
အမည်၊ သင်္ကေတ | ရူသာဖော်ဒီယမ်, Rf |
---|
ဒြပ်စင်အလှည့်ကျဇယားရှိ ရူသာဖော်ဒီယမ် |
---|
|
အက်တမ် အမှတ်စဉ် (Z) | 104 |
---|
အုပ်စု၊ ဘလော့ | group 4 |
---|
ဒြပ်စင်အလှည့်ကျဇယား | period 7 |
---|
စံ အက်တောမစ် အလေးချိန် (Ar) | |
---|
အီလက်ထရွန် ပြုပြင်မှု | [Rn] 5f14 6d2 7s2[၁][၂] |
---|
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု | 2, 8, 18, 32, 32, 10, 2 |
---|
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ |
---|
ဖေ့စ် | အစိုင်အခဲ (predicted)[၁][၂] |
---|
အရည်ပျော်မှတ် | 2400 K (2100 °C, 3800 °F) (predicted)[၁][၂] |
---|
အရည်ဆူမှတ် | 5800 K (5500 °C, 9900 °F) (predicted)[၁][၂] |
---|
သိပ်သည်းမှု (အခန်းအပူချိန်) | 23.2 g/cm3 (predicted)[၁][၂][၃] |
---|
အက်တောမစ် ဂုဏ်အင်များ |
---|
အိုင်ယွန်းပြုခြင်းစွမ်းအင် | 1st: 580 kJ/mol 2nd: 1390 kJ/mol 3rd: 2300 kJ/mol (more) (all but first estimated)[၂] |
---|
အက်တောမစ် အချင်းဝက် | empirical: 150 pm (estimated)[၂] |
---|
ကိုဗေးလန့်အချင်းဝက် | 157 pm (estimated)[၁] |
---|
Miscellanea |
---|
ပုံဆောင်ခဲ ဖွဲ့စည်းပုံ | hexagonal close-packed (hcp) (predicted)[၄] |
---|
CAS Number | 53850-36-5 |
---|
သမိုင်းကြောင်း |
---|
အမည်တပ်ခြင်း | အားနပ်စ် ရူသာဖို့ဒ် ကိုအစွဲပြု၍ |
---|
ရှာဖွေတွေ့ရှိမှု | Joint Institute for Nuclear Research and Lawrence Berkeley National Laboratory (1964, 1969) |
---|
အတည်ငြိမ်ဆုံး ရူသာဖော်ဒီယမ်၏ အိုင်ဆိုတုပ်များ |
---|
|
ဝီကီဒေတာတွင် | | ကိုးကား |
ရူသာဖော်ဒီယမ် (Rutherfordium) ဒြပ်စင်သည် ရေဒီယိုသတ္တိကြွမှု အလွန်မြင့်မားသည့် ဒြပ်စင်တခုဖြစ်ပြီး ၎င်းကို ဓာတ်ခွဲခန်း၌သာ ဖန်တီးထုတ်ယူ ရရှိ်နိုင်သည်။ ၎င်း၏သင်္ကေတမှာ Rf ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၀၄ ဖြစ်သည်။ ၎င်း၏ အတည်ငြိမ်ဆုံး အိုင်ဆိုတုပ် အမှတ်စဉ်မှာ 265Rf ဖြစ်၍ ခန့်မှန်းခြေအားဖြင့် သက်တမ်းဝက် (half-life) မှာ ၁၃ နာရီဖြစ်သည်။ ၎င်း၏ လွှမ်းမိုးမှုများသော ဓာတ်တိုးကိန်း (oxidation number) မှာ +၄ ဖြစ်ပြီး RfC62- ကဲ့သို့ရှုပ်ထွေးသော ဓာတ်ပေါင်းများကို ဖြစ်ပေါ်စေသည်။ Rutherfordium ဒြပ်စင်၏ အမည်သည် နျူကလီးယားရူပဗေဒ (nuclear physics) ဘာသာရပ်၏ ဖခင်ဟု လူသိများသော အမေရိကန်သိပ္ပံပညာရှင် Emest Rutherford ဂုဏ်ပြုသောအနေဖြင့် သတ်မှတ်ခေါ်ဆိုထားခြင်း ဖြစ်သည်။
အသုံးပြုခြင်း
၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။
သဘာဝမှာတွေ့ရှိမှုအခြေအနေ
၎င်းဒြပ်စင်ကို သဘာဝတွင် မတွေ့ရှိနိုင်ပဲ ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သည်။
ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ
၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် လူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှု မရှိနိုင်ပါ။
ပတ်ဝန်းကျင်သို့သတ်ရောက်မှုများ
Rutherfordium ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ၁၀ မိနစ်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်းကျင်သို့ သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရန်မလိုပါ။
ကိုးကား