ဘိုဟ်ရီယမ် (Bohrium) ဒြပ်စင်သည် ရေဒီယိုသတ္တိကြွဒြပ်စင်တခုဖြစ်ပြီး ၎င်းကို ဒြပ်ခွဲခန်း၌သာ ဖန်တီးထုတ်ယူ ရရှိနိုင်သည်။ silver သို့မဟုတ် မီးခိုရောင်ရှိသောဒြပ်စင်တစ်ခုဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။ ၎င်း၏သင်္ကေတမှာ Bh ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၀၇ ဖြစ်သည်။ ၎င်း၏ တည်ငြိမ်မှုအမြင့်ဆုံးရှိသည့် အိုင်ဆိုတုပ် အမှတ်စဉ်မှာ 270Bh ဖြစ်၍သက်တမ်းဝက်(half-life)မှာ ၆၁ စက္ကန့်ဖြစ်သည်။ Bohrium ဒြပ်စင်ကို ၁၉၈၁ ခုနှစ်တွင်ဂျာမန်ရူပဗေဒပညာရှင် Peter Armbruster နှင့် Gottfried Munzenberg တို့မှ ဂျာမနီနိုင်ငံ Hesse ပြည်နယ် Darmstadt မြို့ရှိ GSI ကောလိပ်ရှိ ဓာတ်ခွဲခန်းမှစတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Bohrium ဟူသောအမည်သည် ဒိန်းမတ်ရူပဗေဒပညာရှင် Niels Bohr အားဂုဏ်ပြု သောအနေဖြင့်သတ်မှတ်ပေးရန် IUPAC သို့ ၎င်းဒြပ်စင်ကို ရှာဖွေတွေ့ရှိခဲ့သော ဂျာမန်သိပ္ပံပညာရှင်များမှ တင်ပြတောင်းဆိုခဲ့သောကြောင့် ၁၉၉၇ ခုနှစ်တွင် ၎င်းအမည်ကို အတည်ပြု သတ်မှတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
အသုံးပြုခြင်း
၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။
သဘာဝမှာတွေ့ရှိမှုအခြေအနေ
၎င်းဒြပ်စင်ကို သဘာဝတွင် မတွေ့ရှိနိုင်ပဲ ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သည်။
ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် လူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကိုလေ့လာရန်မဖြစ်နိုင်ပါ။
ပတ်ဝန်းကျင်သို့သတ်ရောက်မှုများ
Bohrium ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ၆၁ စက္ကန့်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်းကျင်သို့ သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။
ကိုးကား