အသံ၏အမြန်နှုန်း သည် လေထဲတွင် ဖြတ်သန်းသွားသော အသံလှိုင်း၏ အချိန်ယူနစ်ဖြစ်သည်။ ခြောက်သွေ့သောလေ ၂၀ °C တွင် အသံ၏အမြန်နှုန်းသည် တစ်စက္ကန့်လျင် ၁၁၃၀ ပေ / ၃၄၃.၂ metres per second (၁,၂၃၆ kilometres per hour; ၇၆၈ miles per hour; ၆၆၇ knot) သို့မဟုတ် ၁ ကီလိုမီတာ၌ ၂.၉၁၄ စက္ကန့် သို့မဟုတ် ၁ မိုင်၌ ၄.၆၈၉ စက္ကန့် ဖြစ်သည်။
စံပြအငွေ့ထဲတွင် အသံ၏အမြန်နှုန်းသည် အပူချိန်နှင့် ပါဝင်ပစ္စည်းပေါ်တွင် မူတည်သည်။ သာမန်လေထဲတွင် ကြိမ်နှုန်းနှင့်ဖိအားပေါ် မူတည်ကာ အမြန်နှုန်း အားပျော့မှုသည် ကွဲပြားသည်။ နေ့စဉ်သုံးပြောစကားများတွင် အသံ၏အမြန်နှုန်းကို ကမ္ဘာ့လေထုအား ဖြတ်သန်းသွားသော အသံ၏အမြန်နှုန်းကို ရည်ညွန်းသည်။ သို့သော်လည်း ကြားခံနယ်တစ်ခုမှတစ်ခု ဖြတ်သန်းရသည့်အခြေနေအရ အသံ၏အမြန်နှုန်းသည် ကွဲပြားသည်။ အသံသည် အငွေ့တွင် အနှေးကွေးဆုံး ဖြတ်သန်းပြီး အရည်ထဲတွင် ပိုမိုလျင်မြန်စွာ ဖြတ်သန်းကာ အစိုင်အခဲတွင် ပိုမိုလျင်မြန်စွာ ဖြတ်သန်းသည်။ ဥပမာ အသံသည် လေထဲတွင် တစ်စက္ကန့်လျင် ၃၄၃.၂ မီတာနှုန်း၊ ရေထဲတွင် လေထက် ၄.၃ ဆနှုန်း (တစ်စက္ကန့်လျင် ၁၄၈၄ မီတာနှုန်း)၊ သံထဲတွင် တစ်စက္ကန့်လျင် ၅၁၂၀ မီတာနှုန်း၊ စိန်ထဲတွင် တစ်စက္ကန့်လျင် ၁၂၀၀၀ မီတာနှုန်း အသီးသီး ဖြတ်သန်းသည်။[၁]
အစိုင်အခဲထဲရှိ အသံနှုန်းသည် အရည်နှင့်အငွေ့ထဲတွင်ကဲ့သို့ မတူညီသော ဖိသိပ်လှိုင်းများဖြင့် ဖြတ်သန်းသည်။ ယင်းအား shear wave ဟုခေါ်ဆိုသည်။ အစိုင်အခဲထဲတွင် ဖြတ်သန်းသွားသော အသံလှိုင်းသည်လည်း သက်ဆိုင်ရာအလိုက် ကွဲပြားသေးသည်။ အရည် သို့မဟုတ် အငွေ့ကြားခံနယ်တွင် အသံနှုန်းနှင့် ရွေ့လျားနေသည့် အရာဝတ္ထု၏အချိုးကို မက်ချ်နံပါတ် (March number) ဟုခေါ်ဆိုသည်။ March 1 ထက်ကျော်လွန်သည့် မည်သည့်အရာဝတ္ထုကိုမဆို ဆူပါဆိုးနစ်ဟု ရည်ညွန်းသည်။
သမိုင်းကြောင်းအသံဖိုင်
အိုင်ဆက် နယူတန် သည် လေထဲရှိ အသံ၏အမြန်နှုန်းကို ၉၇၉ feet per second (၂၉၈ metres per second) ဟုတွက်ချက်ခဲ့သည်။ ယင်းသည် အမှန်တကယ်နှုန်းထက် ၁၅ ရာခိုင်နှုန်းခန့် နည်းလွန်းသည်။[၂] သူသည် ပြောင်းလဲနေသည့် အပူချိန်ကို လျစ်လျူရှုခဲ့သည်။ နောက်ပိုင်းမှ Pierre-Simon Laplace ဆိုသူက သတိပြုမိခဲ့ကာ ပြင်ဆင်ခဲ့သည်။[၃]
ကိုးကား