အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) (အင်္ဂလိပ်: National University of Arts and Culture, Yangon) သည် ရန်ကုန်မြို့တွင် တည်ရှိသော တက္ကသိုလ်တစ်ခုဖြစ်ပြီး မြန်မာ့ရိုးရာ အနုပညာဘာသာရပ်များအတွက် ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်၍ သင်ကြားသည်။[၁] တက္ကသိုလ်သင်ကြားရေးတွင် အသုံးပြုသောဘာသာမှာ အင်္ဂလိပ်စာဖြစ်ပြီး နိုင်ငံခြားတိုင်းပြည်များမှ ကျောင်းသူ/သားများ၏ စိတ်ဝင်စားမှုခံရသည့် တက္ကသိုလ်လည်းဖြစ်သည်။[၂]
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) (ယခင် - 'ယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်)') ကို ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘောဇအဆောက်အဦဝင်းတွင် ဖွင့်လှစ်ခဲ့၍ ၁၉၉၆ ခုနှစ် စက်တင်ဘာလ၊ ၁၈ ရက်နေ့တွင် ယခုလက်ရှိတည်ရှိနေသော အမှတ်(၂၆)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်စတင်ဖွင့်လှစ်စဉ်က ကျောင်းအုပ်ကြီးအဖြစ် ဦးမောင်မောင်ခိုင်က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၉၄ တွင် ကျောင်းအုပ်ရာထူးမှ ပါမောက္ခချုပ်ရာထူးသို့ ပြောင်းလဲခန့်အပ်သည်။
၂၀၀၇ ခုနှစ်တွင် ယဉ်ကျေးမှု တက္ကသိုလ်ကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။[၃]