ကွန်ပျူတာတက္ကသိုလ်(မအူပင်) |
မြန်မှန်တွက်ချက်တိုင်းပြည်တွက်
|
ကွန်ပျူတာတက္ကသိုလ်(မအူပင်)
|
|
တည်ထောင်ခုနှစ် |
၂၀၀၃ |
ပါမောက္ခချုပ် |
ဒေါက်တာသန္တာသိန်း |
အမျိုးအစား |
အမျိုးသားတက္ကသိုလ် |
အကျယ်အဝန်း |
၄၂.၅၅၂ ဧက |
အထိမ်းအမှတ်အရောင် |
စိမ်းပြာရောင် |
ဆက်သွယ်ရန် |
စိမ်းမြကန်သာလမ်း |
ဝဘ်ဆိုတ် |
ucsmub.edu.mm |
ကွန်ပျူတာတက္ကသိုလ်(မအူပင်)သည် ရန်ကုန်မြို့အနောက်ဘက်ကီလိုမီတာ ၁၀၀ ခန့်တွင်ရှိသော မအူပင်မြို့နယ်တွင်တည်ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကွန်ပျူတာတက္ကသိုလ်သုံးခုအနက် တစ်ခုဖြစ်သည်။ တက္ကသိုလ်သည် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့များကို ပေးအပ်သည်။ တက္ကသိုလ်၏ကျောင်းဝင်းသည် ၄၂.၅၅၂ ဧကအထိကျယ်ပြန့်သည်။ [၁]
သမိုင်းကြောင်း
အစိုးရကွန်ပျူတာကောလိပ်(မအူပင်)ကို ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ထောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(မအူပင်)အဖြစ် ပြောင်းလဲခဲ့သည်။
ပေးအပ်သော ဘွဲ့များ
စဉ်
|
ဘွဲ့အမည်
|
ဘွဲ့အမျိုးအစား
|
သင်တန်းကာလ
|
၁
|
ရိုးရိုးဘွဲ့
|
B.C.Sc
|
၅ နှစ်
|
၂
|
ရိုးရိုးဘွဲ့
|
B.C.Tech
|
၅ နှစ်
|
၃
|
ဘွဲ့လွန်ဒီပလိုမာသင်တန်း
|
D.C.Sc
|
၁ နှစ်
|
[၂]
ဌာန
ပညာရေးဆိုင်ရာဌာနများ
- ကွန်ပျူတာသိပ္ပံဌာန
- သတင်းအချက်အလက်သိပ္ပံဌာန
- ကွန်ပျူတာဌာန
- ကွန်ပျူတာစနစ်နှင့်နည်းပညာဌာန
- သဘာဝသိပ္ပံဌာန
- ဘာသာစကားများဌာန
- မြန်မာနိုင်ငံဌာန
- အင်္ဂလိပ်ဌာန
- သတင်းအချက်အလက်နည်းပညာထောက်ပံ့ခြင်းနှင့်ထိန်းသိမ်းခြင်းဌာန
စီမံခန့်ခွဲမှုဌာနများ
- ဝန်ထမ်းရေးရာဌာန
- ကျောင်းသားရေးရာဌာန
- ငွေစာရင်းဌာန
- နယ်မြေဌာန
[၃]
ပါမောက္ခချုပ်များ / ကျောင်းအုပ်ကြီးများ
စဉ်
|
နာမည်
|
အခန်းကဏ္ဍ
|
တာဝန်ထမ်းဆောင်ခဲ့သောနှစ်
|
၁
|
ဒေါ်မိုးမိုးဝင်း
|
ကျောင်းအုပ်ကြီး
|
|
၂
|
ဒေါ်တာတာခင်
|
ကျောင်းအုပ်ကြီး
|
|
၃
|
ဒေါက်တာမီမီစုသွင်
|
ကျောင်းအုပ်ကြီး
|
|
၄
|
ဒေါက်တာသင်းသင်းထိုက်
|
ကျောင်းအုပ်ကြီး
|
|
၅
|
ဒေါက်တာလှမြတ်ကောင်း
|
ကျောင်းအုပ်ကြီး
|
|
၆
|
ဒေါက်တာနှင်းမင်းဦး
|
ကျောင်းအုပ်ကြီး
|
|
၇
|
ဒေါက်တာသဲနုဖြူ
|
ကျောင်းအုပ်ကြီး
|
|
၈
|
ဒေါက်တာခိုင်ခိုင်ဦး
|
ကျောင်းအုပ်ကြီး
|
|
၉
|
ဒေါက်တာသန္တာသိန်း
|
ပါမောက္ခချုပ်
|
|
ပညာရေးဆိုင်ရာဆက်နွယ်မှု
၂၀၁၉ ခုနှစ်တွင် MikroTik ပညာရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ရန် MikroTik အကယ်ဒမီနှင့်အတူ ပူးပေါင်းခဲ့သည်။[၄]
အဖွဲ့အစည်းများ
ကျောင်းသားများသမဂ္ဂ
၂၀၁၉ ခုနှစ်တွင် ကျောင်းသားများသမဂ္ဂကို တရားဝင်တည်ထောင်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(မအူပင်) ကျောင်းသားများသမဂ္ဂ ဟုခေါ်သည်။
ကျောင်းသားအစည်းအရုံးများ / ကလပ်များ
၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်းတွင် ပါမောက္ခများနှင့်ဆရာများ၏ပံ့ပိုးမှုဖြင့် အိုင်တီကလပ်ကို တည်ထောင်ခဲ့ပြီး တက္ကသိုလ်၏ပါမောက္ခချုပ်မှ အသိအမှတ်ပြုခဲ့သည်။ ၎င်းကို အိုင်တီကလပ် ကွန်ပျူတာတက္ကသိုလ်(မအူပင်) အဖြစ်လူသိများသည်။[၅]
Music Club၊ Dance Club, Handmade Club, E-Sport Club တို့ကို ကျောင်းသားများသမဂ္ဂမှ ကျောင်းသားကလပ်များ အဖြစ်တည်ထောင်ပေးထားသည်။
ထုတ်ကုန်ပြပွဲ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တက္ကသိုလ်၏ထုတ်ကုန်ပြပွဲကို ကျင်းပခဲ့သည်။ [၆] ကျောင်းသားများသည် ထုတ်ကုန် ၄၁ ခုကို ပြသခဲ့သည်။ ထုတ်ကုန်ပြပွဲတွင် Information System of Private Hospital [၇], Trip Advisor နှင့် Garden System တို့သည် ပထမ၊ ဒုတိယနှင့်တတိယဆုအသီးသီးရရှိခဲ့ကြသည်။ Smart Restaurant [၈], APineKine နှင့် Smart Township System[၉] တို့သည်နှစ်သိမ့်မှုဆုများရရှိခဲ့သည်။
ကိုးကား
ပြင်ပလင့်ခ်များ
|
---|
ဝိဇ္ဇာသိပ္ပံ | |
---|
ပညာရေး | |
---|
ကျန်းမာရေး | |
---|
နည်းပညာ | တက္ကသိုလ်များ | |
---|
ကောလိပ်/သိပ္ပံများ | |
---|
|
---|
ကွန်ပျူတာ | |
---|
နိုင်ငံခြားဘာသာ | |
---|
စိုက်ပျိုးရေး | တက္ကသိုလ်များ | |
---|
ကောလိပ်၊ သိပ္ပံများ | |
---|
|
---|
သစ်တော | တက္ကသိုလ်များ | |
---|
သင်တန်းကျောင်းများ | |
---|
|
---|
စီးပွားရေး | |
---|
ဘာသာရေး | ဗုဒ္ဓဘာသာ | |
---|
ခရစ်ယာန်ဘာသာ |
- Paku Divinity School
- Chin Christian College
- Union Theological College
- Zomi Theological College
- မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်
- Myanmar Union Adventist Seminary (College) MyaungMya
|
---|
|
---|
ကာကွယ်ရေး | |
---|
ဖွံ့ဖြိုးရေးနှင့်ယဉ်ကျေးမှု | ဖွံ့ဖြိုးရေးတက္ကသိုလ် | |
---|
ယဉ်ကျေးမှုတက္ကသိုလ် | |
---|
|
---|
ရာထူးဝန် | |
---|