အာဆင်နယ်ဘောလုံးအသင်း ပြတိုက်သည် လန်ဒန်၊ဟောလဝေးရှိ ပြတိုက်ဖြစ်သည်။
ထိုပြတိုက်တွင် အာဆင်နယ်အသင်း၏ အောင်မြင်မှုများ၊မှတ်တမ်းများကို ပြသထားသည်။၁၉၇၁ အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ချာလီဂျော့ခ်ဝတ်ဆင်ခဲ့သော အဝတ်၊သောမတ်၏ ဖိနပ် စသည်တို့ပါ ပါဝင်သည်။
ယခုအခါ ထိုပြတိုက်သည် အီးမရိတ်ဘောလုံးကွင်း၏မြောက်ဘက် မြောက်တြိဂံအဆောက်အအုံတွင်ရှိသည်။၁၉၉၃မှ ၂၀၀၆အထိ ဟိုက်ဘူရီကွင်း၏မြောက်ဘက်ပွဲကြည့်စင်နေရာတွင် ရှိသည်။တစ်နှစ်အတွင်း လာရောက်လည်ပတ်သူ ၁၂၀၀၀၀ရှိသည်။[၁] [၂]
ပြတိုက်မှာနေ့တိုင်းဖွင့်သည်။ပွဲရှိသောနေ့များတွင် နံနက်၁၀နာရီမှ ပွဲမစမီ နာရီဝက်အလိုထိဖွင့်သည်။