အမျိုးသားဒီမိုကရေစီပါတီသစ် (အင်္ဂလိပ်: New National Democracy Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၂]
သမိုင်းကြောင်း
ဦးသိန်းညွန့်သည် ပါတီတွင်းရန်ပုံငွေ ပြဿနာများကြောင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ထုတ်ပယ်ခံခဲ့ရပြီးနောက်[၃][၄] ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီပါတီသစ် ကို တည်ထောင်ပြီး[၃] ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။[၅][၄]
ကိုးကား