မွန်ညီညွတ်ရေးပါတီ (အင်္ဂလိပ်: Mon Unity Party) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Mon Unity Party- MUPဟု လူသိများသည်။ မွန်အင်အားကြီးနှစ်ပါတီ ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီသည် ပါတီဝင်အင်အား တစ်သိန်းနီးပါးရှိပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး စသည့်တိုင်းဒေသကြီးများ၌ ပါတီရုံးခွဲများ ရှိသည်။[၁]
သမိုင်းကြောင်း
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည်။[၂] မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ နှင့် မွန်နိုင်ငံရေးစိတ်ဝင်စားသည့်သူများ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းရန် ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက လျှောက်ထားခဲ့ခြင်းဖြစ်သည်။[၃]
ပါတီ ဖွဲ့စည်းပုံ
မွန်ညီညွတ်ရေးပါတီတွင် ဗဟိုကော်မတီဝင် ၁၄၀ ဦးရှိပြီး ၎င်းတို့ထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဋ္ဌအဖွဲ့လေးဦး၊ အတွင်းရေးမှူးအဖွဲ့ ခြောက်ဦးတို့ ဖြင့် ဖွဲ့စည်းထားသည်။[၄]
ကိုးကား