ရှမ်းဘာသာစကားသည် ရှမ်းလူမျိုးတို့၏ တိုင်းရင်းသား ချက်မြှုပ် ဘာသာစကားဖြစ်ပြီး မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်အတွင်းတွင် အများဆုံး ပြောဆိုကြသည်။ ထို့အပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသည့် တဲဟုန်၊ စစ်ဆောင်ပန္နား (ရှီးရွမ်ပနတိုင်) ပြည်နယ်စုတို့နှင့် ဗီယက်နမ်နိုင်ငံအနောက်ပိုင်းတွင်လည်း အနည်းငယ်ပြောဆိုကြသည်။ ရှမ်းဘာသာစကားသည် တိုင်-ကဒိုင်ဘာသာစကား မျိုးနွယ်စုဖြစ်ပြီး ထိုင်းဘာသာစကားနှင့် ဆက်စပ်မှု ရှိသည်။ ၎င်း၌ အသံ (၆)သံ ရှိပြီး ထိုင်းစကားသံတို့နှင့် အတိအကျအားဖြင့် တူညီမှု မရှိပဲ အသံထွက်ရာတွင် ဖိ၍ ထွက်ဆိုရသော ဆဋ္ဌမမြောက် စကားသံ ရှိသည်။ ၎င်းကို တိုင်ရှမ်းတို့ အခေါ်အရ တိုင်းယိုင် (တႆးယႂ်ႇ/Tai Yai) သို့မဟုတ် တိုင်းကြီး (တႆးလူင်/Tai Long) ဟု ခေါ်သည်။ “ရှမ်း” ဟူသော အသုံးအနှုန်းမှာ ဒေသစွဲ လူမျိုးစွဲအရ ခေါ်တွင်ခြင်းဖြင့် (exonym) ဆင်းသက်လာသည်ဟု ယူဆရပြီး ပါဠိအခေါ်အဝေါ် သျှာမ(သို့မဟုတ်)သျှာမ်မှ မြန်မာအခေါ် ရှမ်း (Shan) ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြသည်။ ထိုင်းလူမျိုးတို့အား ပါဠိအခေါ်အဝေါ် သျှာမ်အား အနောက်တိုင်းသားတို့က သယာမ် (Siam) ဟုအသံထွက်ပြောင်းလဲလာခြင်းဖြစ်သည်။[၁]
ရှမ်းဘာသာစကားသုံးမျိုး
ရှမ်းဘာသာစကားကို သုံးမျိုး ခွဲခြားနိုင်သည်။
- အရှေ့ပိုင်း ရှမ်းစကားသည် မြောက်ပိုင်း ထိုင်းစကားနှင့် ဆင်တူသည်။
- တောင်ပိုင်း ရှမ်းစကားသည် ဗမာ စကားလုံး အချို့ကို အသုံးပြုကြပြီး၊
- မြောက်ပိုင်း ရှမ်းစကားသည် တရုတ်စကားနှင့် ဆင်တူသည်။ စာအရေးအသား ခြားနားမှု များစွာရှိသော်လည်း လိက် - တိုင် ပုံစံသည် ရှမ်းစာ အရေးအသားတွင် အသုံးအများဆုံး ဖြစ်သည်။ ကွဲပြားသော ဒေသသုံး စကားများကို ရှမ်းလူမျိုးများ သုံးစွဲ ကြသော်လည်း အခြေအနေ အများစုတွင် တစ်ဦးနှင့်တစ်ဦး နားလည်နိုင်ကြသည်။
ရှမ်းဘာသာစကား ပြောဆိုကြသူမည်မျှ ရှိသည်ကို အတိအကျအားဖြင့် မသိရပါ၊ အဘယ်ကြောင့်ဆိုသော် ရှမ်းအမျိုးသားလူဦးရေ မည်မျှရှိသည်ကို အတိအကျ မသိရှိရသောကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံ လူဦးရေစာရင်းမှာ ခြောက်သန်းဝန်းကျင် ရှိနေသော်လည်း ခန့်မှန်းခြေအားဖြင့် လူဦးရေပျမ်းမျှတန်ဖိုးမှာ ၄ သန်းမှ သန်း ၃၀ အထိ ရှိနေပြီး စာရင်းအရ လူဦးရေ ခြောက်သန်း၏ တစ်ဝက်နှုန်းဖြင့် တွက်ဆကြည့်သော် ခန့်မှန်းခြေအားဖြင့် ၃.၃ သန်းခန့် ရှိနေသည်။ ရှမ်းလူမျိုးအများစုသည် ၎င်းတို့၏ ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ အဆက်အဆံများပေါ် မူတည်၍ အချင်းချင်း ဒေသသုံး ရှမ်းဘာသာစကားတို့ဖြင့် ပြောဆိုကြသည်။ မြန်မာပြည်၌ ပြည်တွင်းစစ်နှင့် ပဋိပက္ခများကြောင့် ရှမ်းလူမျိုးအနည်းငယ်သာ ရှမ်းစာကို ရေးတတ် ဖတ်တတ်ကြပြီး ၎င်းစာရေးသားနည်းသည် မြန်မာစာလုံးပေါင်းသတ်ပုံများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရှေးအခါကယွန်းရှမ်းစာကိုပါဠိစာကိုရေးသားရာ၌အသုံးပြုသည်။ ရှမ်းစာများ၏ စာလုံးပေါင်းသတ်ပုံမှာ မျိုးနွယ်အလိုက်မတူညီကြချေ။
ရှမ်းဗျည်းများ
ရှမ်းဗျည်း(၁၈)လုံး [မြန်မာစာထည့်သွင်းဖော်ပြထား | ရှမ်းစာ]
ရှမ်းစာ
|
RTGS
|
IPA
|
ရှမ်းစာ
|
ၵ
|
ka
|
/k/
|
ᥐ
|
ၶ
|
kha
|
/kʰ/
|
ᥑ
|
င
|
nga
|
/ŋ/
|
ᥒ
|
ၸ
|
sa
|
/t͡s/, /s/
|
ᥓ
|
သ
|
hsa
|
/sʰ/
|
ᥔ
|
ၺ
|
nya
|
/ɲ/
|
ᥭ
|
တ
|
ta
|
/t/
|
ᥖ
|
ထ
|
tha
|
/tʰ/
|
ᥗ
|
ၼ
|
na
|
/n/
|
ᥢ
|
ပ
|
pa
|
/p/
|
ᥙ
|
ၽ
|
pha
|
/pʰ/
|
ᥚ
|
ၾ
|
fa
|
/f/, /pʰ/
|
ᥜ
|
မ
|
ma
|
/m/
|
ᥛ
|
ယ
|
ya
|
/j/
|
ᥕ
|
ရ
|
ra
|
/r/
|
|
လ
|
la
|
/l/
|
ᥘ
|
ဝ
|
wa
|
/w/
|
ᥝ
|
ႁ
|
ha
|
/h/
|
ᥞ
|
ဢ
|
ah
|
/ʔ/
|
ᥟ
|
ရည်ညွှန်းကိုးကား