တွံတေးမြို့နယ် သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ရန်ကုန်မြို့၏ အနောက်ဘက်တွင် တည်ရှိပြီး လှိုင်မြစ်ဖြင့် ခြားနားထားသည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ တွံတေးမြို့ဖြစ်သည်။ သင်္ကြန်ကာလတွင် ဘုရားပွဲကျင်းပသော ရွှေဆံတော်ဘုရား တည်ရှိရာမြို့နယ် ဖြစ်သည်။[၂] မြန်မာနိုင်ငံရှိ လူလုပ်တူးမြောင်းများထဲတွင် အရှည်ဆုံးဖြစ်သည့် တွံတေးတူးမြောင်းသည် တွံတေးမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်မြစ်နှင့် ဧရာဝတီမြစ်တို့ကို ဆက်သွယ်ပေးထားကာ အရှည် ၃၅ ကီလိုမီတာ ရှိသည်။[၃] တွံတေးတူးမြောင်းကို ဖြတ်ကျော်ထားသော တံတားတစ်စင်းရှိကာ တွံတေးတံတားဟု ခေါ်ဆိုသည်။[၄]
လူနေထိုင်မှု
တွံတေးမြို့နယ်တွင် ကျေးရွာပေါင်း ၂၂၀၊ ကျေးရွာအုပ်စု ၆၅ ခုနှင့် မြို့ပေါ်ရပ်ကွက် ၈ ခု ရှိသည်။[၅] တွံတေးမြို့နယ်ရှိ လူဦးရေမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ ၂၂၆,၈၃၆ ဖြစ်သည်။[၁]
ကိုးကား
ပြင်ပလင့်ခ်များ