တံတားမြို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ မြို့တစ်ခုဖြစ်သည်။ ကျောက်တန်းမြို့၏အရှေ့ဘက် ၁၅ မိုင်အကွာတွင် တည်ရှိသည်။ ရပ်ကွက်ကြီး ၄ ခုသာရှိသော်လည်း ဘုန်းတော်ကြီးကျောင်း ၈ ကျောင်းရှိသည်။ မူလတန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်း ၁ ကျောင်းရှိသည်။ ရဲစခန်း၊ တိုက်နယ်ဆေးရုံ၊ ထွေ/အုပ်ရုံးနှင့် ၎င်းနှင့်ဆက်နွယ်နေသော ဌာနဆိုင်ရာရုံးများလည်းရှိကြသည်။ တံတားမြို့တွင်ကျေးရွာအုပ်စု ၁၄ ခုရှိသည်။ မြို့တော်ရန်ကုန်မြို့နှင့်ဆက်သွယ်နိုင်ရန်ကျောက်တန်းမြို့မှလည်းကောင်းသုံးခွမြို့မှလည်းကောင်းအချိန်တိုအတွင်းရောက်နိုင်သည့် ကားလမ်းများရှိသည်။ တံတားမြို့၏အဓိကထွက်ကုန်မှာဆန်စပါးဖြစ်သည်။
==ကိုးကားတံတားမြို့ထွေ/အုပ်ရုံး
- ↑ GAD, Feb 2011.