အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး) Mandalay General Hospital |
---|
|
|
ပထဝီဝင်ဆိုင်ရာ |
---|
တည်နေရာ | လမ်း၃၀၊ ၇၄လမ်းနှင့် ၇၇လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ |
---|
ဝန်ဆောင်မှုများ |
---|
ကုတင်အရေအတွက် | ၁၅၀၀ |
---|
အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး) (အင်္ဂလိပ်: Mandalay General Hospital; အတိုကောက် MGH)သည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၉လမ်းနှင့်လမ်း၃၀ကြား ၇၄လမ်းနှင့် ၇၇လမ်းကြားတွင် တည်ရှိသည်။ ခုတင် (၁၅၀၀)ဆံ့ဆေးရုံကြီးဖြစ်ပြီး အထက်မြန်မာပြည်အတွက် အားထားရာ ဆေးရုံကြီးတစ်ခုဖြစ်သည်။[၁]နေ့စဉ် လူနာ ၂၅၀၀ခန့်ကို ကုသပေးနေသည်။ဆေးတက္ကသိုလ် (မန္တလေး)နှင့် နီးကပ်စွာတည်ရှိပြီး ထိုတက္ကသိုလ်၏ သင်ကြားရေးဆေးရုံလည်းဖြစ်သည်။[၁]
သမိုင်းကြောင်း
၁၈၈၇ခုနှစ်တွင် ဗြိတိသျှအစိုးရမှ အထက်မြန်မာပြည် ပြည်သူ့ကျန်မာရေးကိစ္စများအတွက် စတင်ဖွင့်လှစ်ခဲ့သည်။[၂]၁၉၂၅ခုနှစ်တွင် ခုတင်(၂၅၀)ဆံ့ မြူနီစီပယ်ဆေးရုံအဖြစ် စတင်ခဲ့ပြီး ၁၉၃၇တွင် ခုတင်(၃၅၀)၊ ၁၉၆၅တွင် ခုတင်(၈၀၀)၊ ၂၀၁၂တွင် ခုတင်(၁၀၀၀)ဆံ့ဆေးရုံအဖြစ် တိုးချဲ့နိုင်ခဲ့သည်။၂၀၁၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၂၈သန်း သုံးစွဲကာအကြီးစားတိုးချဲ့မှုပြုလုပ်ခဲ့သည်။ လမ်း(၃၀)၊၇၄လမ်းနှင့် ၇၅လမ်းကြားတွင် မန်းတောင်ရိပ် (၉)ထပ် ဆေးကုသဆောင်ကို ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့တွင် ခုတင် (၁၀၀၀)ဆံ့မှ ခုတင် (၁၅၀၀)ဆံ့ဆေးရုံအဖြစ် တိုးချဲ့ခဲ့သည်။[၃][၄]နောက်ပိုင်းတွင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အထပ့်မြင့် ဆေးကုသဆောင်များ တိုးချဲ့လျက်ရှိသည်။
ပြခန်း
ကိုးကား