မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား

မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

“မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား” ဆိုသည်မှာ မြန်မာနိုင်ငံရှိ မြို့ကြီးသုံးမြို့၏ ထင်ရှားသော လက္ခဏာများကို ဖော်ပြသော ဆိုရိုးစကားဖြစ်သည်။ “မန္တလေး” သည် စကားပြောကောင်းခြင်း၊ စကားကြွယ်ဝခြင်းကြောင့် နာမည်ကျော်ကြားသည်။ “ရန်ကုန်” သည် ခေတ်မီဆန်းသစ်သော အဝတ်အစားများ ဝတ်ဆင်ခြင်းနှင့် ဟိတ်ဟန်ထုတ်ခြင်းတို့ကြောင့် လူသိများသည်။ “မော်လမြိုင်” သည် အရသာရှိသော အစားအစာများကြောင့် နာမည်ကျော်ကြားသည်။ ဤဆိုရိုးစကားသည် မြို့တစ်ခုစီ၏ ယဉ်ကျေးမှုနှင့် လူနေမှုပုံစံကို အတိုချုပ် ဖော်ပြထားခြင်းဖြစ်သည်။

ကိုးကားချက်များ

  • "မန္တလေးက စကား၊ ရန်ကုန်က အကြွား၊ မော်လမြိုင် အစားဆိုတဲ့ စကားပုံဟာလည်းပဲ အပြောအဆို၊ အဝတ်အစား၊ အစားအသောက်များမှာ နာမည်ရတဲ့ လောကီယဉ်ကျေးမှုစကားပုံလို့ ဆိုရမယ်။" []
  • "မန္တလေး စကား၊ မော်လမြိုင် အစား ဟူ၍ ရှေးလူတို့ ပြောဆို ကြကုန်သည်။" []

ကိုးကား

  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၂၃] ပုဂံဟော။ ၆၆။
  3. [၁၃၄၅] စာပေလုပ်သား၊ ၂၆။ ၇၆။

Strategi Solo vs Squad di Free Fire: Cara Menang Mudah!