ဖလသမာပတ်

ဖလသမာပတ် = ဖိုလ်သို့ ကောင်းစွာရောက်ခြင်း၊ ဖိုလ်ဝင်စားခြင်း။ (အရိယာဖိုလ်စိတ်၏ နိဗ္ဗာန်၌ အပ္ပနာ အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည် ဖလသမာပတ်မည်၏။ ဖိုလ်ဝင်စားခြင်း ဟု သုံးစွဲသည်။ မဂ်၏ အခြားမဲ့၌ဖြစ်သော (မဂ္ဂဝီထိ၌ ပါဝင်သော) ဖိုလ်ကိုမူ သီးခြားပရိကံမရှိ၍ ဖလသမာပတ်မဆိုရချေ []

ထိုဖလသမာပတ်ကို အရိယာတို့သည် ဝင်စားနိုင်၏။ သို့သော် အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ်သည် အထက်အထက်ဖိုလ်ကို(မရသေးသောကြောင့်)မဝင်စားနိုင်ကြ၊ အထက် ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့သည်လည်း အောက် အောက်ဖိုလ်ကို (ပုဂ္ဂိုလ်တပါးအဖြစ်သို့ ရောက်သွားခြင်းကြောင့်) မဝင်စားနိုင်ကြ၊ ကိုယ့်ဖိုလ်ကိုသာ ဝင်စားနိုင်ကြ၏။ မျက်မှောက်ဘဝ၌ ကိလေသာအပူငြိမ်း၍ ချမ်းချမ်းသာသာနေရန် ဖလသမာပတ်ကို ပိုင်းခြားကန့်သတ်၍ အလိုရှိသောအခါ အရိယာပုဂ္ဂိုလ်တို့သည် ဝင်စားကုန်၏။ "နိဗ္ဗာန်မှ တပါးသော သင်္ခါရတို့ကို နှလုံးမသွင်းခြင်း၊ နိဗ္ဗာန်ကို နှလုံးသွင်းခြင်း" ဟူသော ၂-ပါးသော အခြင်းအရာအားဖြင့် ဖလသမာပတ်ဝင်စားသည်။ (ထိုအင်္ဂါ ၂-ပါးသည် အဓိပ္ပါယ်တူလျက် ခွဲခြားပြခြင်း၏ အကြောင်းကို [] ဤတွင်ကြည့်ပါ။) အထက်ပါ အင်္ဂါ ၂-ပါးနှင့် သမာပတ်မဝင်စားမီ “မည်သည့်အချိန် ထအံ့”ဟု ကာလပိုင်းခြားခြင်း၊ ဤ ၃-ပါးသည် သမာပတ်၏တည်ခြင်းမည်၏။ နိဗ္ဗာန်အာရုံကိုနှလုံးမသွင်းဘဲ သင်္ခါရနိမိတ်ကိုနှလုံးသွင်းခြင်း (ဘဝင်စိတ်၏ အာရုံကိုယူခြင်း)သည် ဖလသမာပတ်မှ ထခြင်းမည်၏။ [] [][]

ကိုးကား

  1. (ဝိသုဒ္ဓိ၊ဋီ၊၂၊၅၁၇)
  2. ဝိသုဒ္ဓိ၊ဋီ၊၂၊၅၁၇
  3. (ဖလသမာပတ်၏ အကြောင်းစုံ အဓိပ္ပါယ်အကျယ်ကို ပဋိသံ၊ဋ္ဌ၊၁၊၂၄၆-၉။ ဝိသုဒ္ဓိ၊၂၊၃၄၀-၃။ ဝိသုဒ္ဓိ၊ဋီ၊၂၊၅၁၃-၂၀-တို့၌ ကြည့်။)
  4. ဓမ္မသွာက္ခာတတာ ကုသလမူလရောပနာယ စ ဖလသမာပတ္တိယာ စ သာဓာရဏံ ပဒဋ္ဌာနံ။ နေတ္တိ။ ၄၃။ (ဝိ၊ဋ္ဌ၊၁၊၁၆၄။ ဒီ၊ဋ္ဌ၊၂။ ၁၃၇။ မ၊ဋ္ဌ၊၁၊၁၀၇။) ကာ ဖလသမာပတ္တိတိ? ယာ အရိယဖလဿ နိရောဓေ အပ္ပနာ။ ပဋိသံ၊ဋ္ဌ၊၁၊၂၄၆။ ဝိသုဒ္ဓိ၊၂၊၃၄၁။
  5. တိပိဋကအဘိဓာန် အတွဲ-၁၅