ဒေဝါနံပိယတိဿမင်း

ဒေဝါနံပိယတိဿမင်း
King of Anuradhapura
တိဿဘုရင် ရုပ်တု
နန်းသက်၃၀၇ ဘီစီ – ၂၇၆ ဘီစီ သို့မဟုတ် ၂၄၇ ဘီစီ – ၂၀၇ ဘီစီ
ရှေ့မင်းဆက်မုဋသိဝမင်း
နောက်မင်းဆက်Uttiya
မိဖုရားရာမဒဿ
စံအိမ်ဝိဇယ
ခမည်းတော်မုဋသိဝမင်း
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ဒေဝါနံပိယတိဿမင်း[] သည် သီရိလင်္ကာနိုင်ငံ၏ ရှေးမြို့တော်ဟောင်း အနုရာဓပူရမြို့တွင် မင်းပြုခဲ့သော အစောပိုင်းမင်းတစ်ပါး ဖြစ်သည်။ ရိုးရာရာဇဝင်ကျမ်းအရ ၃၀၇ ဘီစီမှ ၂၆၇ ဘီစီ အထိ မင်းပြုခဲ့သည်ဟု ဆိုပြီး ခေတ်ပေါ်ရာဇဝင်ကျမ်းများတွင် ၂၄၇ ဘီစီမှ ၂၀၇ ဘီစီ အထိ မင်းပြုခဲ့သည်ဟု ဆိုသည်။[] အသောကမင်းလက်ထက်တွင် သီရိလင်္ကာသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိအောင် ဆောင်ရွက်ခဲ့သော မင်းတစ်ပါးအနေဖြင့် ထင်ရှားသည်။ သူ၏ နန်းတက်ချိန်များအား မဟာဝံသ ရာဇဝင်ကျမ်းတွင် ဖော်ပြထားသည်။ မုဋသိဝမင်း၏ ဒုတိယသားတော် ဖြစ်သည်။

မဟာဝိဟာရ ကျောင်းတိုက်, ထူပါရာမ စေတီ, စေတိယ ကျောင်းတိုက် မဟာစေတီတည်မည့်နေရာ၌ ဂီဝါဓာတ်တော်ဌာပနာထားသော ကျောက်တိုင်, ဣဿရ သမဏ ကျောင်းတိုက်, ဝေဿဂီရိကျောင်းတိုက်, ဥပါသိကာရာမ, ဟဋ္ဌဠှက ဘိက္ခုနီမကျောင်းတိုက်, နာဂဒီပကျွန်း ဇမ္ဗုလောဟကျောင်းတိုက်-စသော သာသနိက အဆောက်အဦတို့ကို ပြုလုပ်ခဲ့သည်။ [][]

ဒေဝါနံပိယတိဿမင်းလက်ထက်တွင် တည်ဆောက်ခဲ့သည်ဟု ယုံကြည်ကြသော အနုရာဓပူရမြို့ရှိ သုပရမ စေတီ

ကိုးကား

  1. ဒေဝါနံပိယတိဿ (ပု) [ဒေဝါနံ+ပိယ+တိဿ။ ဒေဝါနံပိယတိဿောတိ ပိယော စ သော တိသော စာတိ ပိယတိဿာ၊ ဒေဝါနံ ပိယတိသော ဒေဝါနံပိယတိဿာ။ မောဂ်၊၂၊၁၁၉။ ယင်း-ပဉ္စိကာ။]
  2. Mahavamsa : the great chronicle of Ceylon။ London : Pub. for the Pali Text Society by Oxford Univ. Pr. (25 August 1912)။
  3. မဟာဝံ-သ၊ ၂၀။ ၁၇-၂၆။) ပုတ္တော ဒေဝါနံပိယတိဿော ရဇ္ဇံ ကာရေဿတိ။ ဝိ၊ဋ္ဌ၊၁၊၅၂။ (—ဝိမတိ၊၁၊၃၄။)
  4. တိပိဋကအဘိဓာန် အတွဲ-၁၀

Strategi Solo vs Squad di Free Fire: Cara Menang Mudah!