တိုင်းရင်းဆေးရုံကြီး (မန္တလေး)

မန္တလေး တိုင်းရင်းဆေးရုံကြီး
Traditional Medicine Hospital Mandalay
ပထဝီဝင်ဆိုင်ရာ
တည်နေရာ၇၃ဘီလမ်း၊ ၁လမ်းနှင့် ၁အေလမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
ဝန်ဆောင်မှုများ
ကုတင်အရေအတွက်၁၀၀
သမိုင်းကြောင်း
တည်ထောင်ခဲ့၄ ​အောက်တိုဘာ ၁၉၇၆

မန္တလေး တိုင်းရင်းဆေးရုံကြီး သည် မန္တလေးမြို့အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်တွင် တည်ရှိသည်။ တိုင်းရင်းဆေးတက္ကသိုလ်၏ အနောက်ဘက်တွင်တည်ရှိပြီး ကုတင်(၁၀၀)ဝင်ဆံ့ကာ သင်ကြားရေးဆေးရုံလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး သင်ကြားရေးတိုင်းရင်းဆေးရုံကြီးဖြစ်သည်။ တိုင်းရင်းဆေးရုံ၏ အနောက်ဘက်တွင် တိုင်းရင်းဆေးသိပ္ပံနှင့် တိုင်းရင်းဆေးဝါးစက်ရုံများလည်းရှိသည်။[]

သမိုင်းကြောင်း

၁၉၇၆ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော တိုင်းရင်းဆေးပညာသင်ကျောင်းဖြစ်သော တိုင်းရင်းဆေးသိပ္ပံကို မန္တလေးမြို့၌ ဖွင့်လှစ်ခဲ့သည်။ ထိုနှစ် အောက်တိုဘာ ၄ရက်နေ့တွင် (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံကို မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကုတင် (၅၀)ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၉ရက်နေ့တွင် တိုင်းရင်းဆေးရုံကြီး (ရန်ကုန်)နှင့်အတူ ကုတင် (၁၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[]

ပြခန်း

ကိုးကား

Strategi Solo vs Squad di Free Fire: Cara Menang Mudah!