စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) သည် မြန်မာနိုင်ငံရှိ အဓိကကျသည့် စိတ်ကျန်းမာရေးဆေးရုံနှစ်ခုထဲမှ တစ်ခု ဖြစ်သည်။ ဆေးရုံသည် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက်တွင် တည်ရှိသည်။ ခုတင် ၁၂၀၀ ဆံ့ ဆေးရုံဖြစ်သည်။ ဆေးရုံတည်ရှိရာနေရာကိုစွဲ၍ "ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ" ဟု နောင်အခါ တွင်လာခဲ့သည်။
ဆေးရုံတွင် ကုသစောင့်ရှောက်ရေးကို အဓိကထားကာ ပြည့်စုံသည့် အထူးကုဆေးရုံတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိသည်။ စိတ်ကျန်းမာရေးဆိုင်ရာ လူနာများအတွက် ပြင်ပလူနာဌာန ထားရှိပြီး စိတ်ရောဂါခံစားနေရသည့် လူနာများကို ဆေးရုံက လက်ခံကုသပေးလျက်ရှိသည်။ ကလေးငယ်များနှင့် အရွယ်ရောက်ပြီးအ စိတ်ပိုင်းဆိုင်ရာမူမမှန်သူများအတွက် နေ့ပိုင်းစောင့်ရှောက်ရေးစင်တာကို စတင်ခဲ့သော်လည်း ဆေးရုံသို့ သွားရောက်ရသည်မှာ ခရီးကွာဝေးသည့်အတွက် အချိန်ကြာရှည်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။[၂]
သမိုင်းကြောင်း
မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးကုသမှုကို ဗြိတိသျှအစိုးရအုပ်ချုပ်ကာလ ၁၈၈၆ ခုနှစ်ကတည်းက အင်းစိန်အကျဉ်းထောင်အတွက် ဆောက်လုပ်ခဲ့သည့်အတွက် ရှည်လျားသည့် သမိုင်းကြောင်းရှိသည်။ စိတ်ပိုင်းဆိုင်ရာမကျန်းမာသူများကို ကုသပေးခဲ့ပြီး လူအယောက် ၅၀ ဖြင့် စတင်ခဲ့သည်။ ပထမကမ္ဘာစစ်အပြီး ၁၉၂၆ ခုနှစ်တွင် တံတားကလေးဟု အမည်ပေးထားသည့် ဆေးကုသမှုအသစ်တစ်ခုကို ရန်ကုန်မြို့၊ ၈ မိုင်တွင် လူအယောက် ၁၅၀ ဖြင့် စတင်ခဲ့သည်။ ထိုဆေးခန်းကို တံတားကလေးဟု တွင်ရခြင်းမှာ အနီးအနားရှိ ရွာအမည်ကိုစွဲ၍ ခေါ်ခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်ကသိမ်းပိုက်သည့်အခါတွင် အဆောက်အဦအများစုသည် ပျက်စီးခဲ့သည်။[၃]
၁၉၄၅ ခုနှစ်ကာလအတွင်း၌ အင်းစိန်ထောင်တွင် လူနာ ၄၅ ဦးကို ကုသပေးနိုင်သည့် ယာယီကုသပေးရာနေရာအဖြစ် တည်ရှိခဲ့သော်လည်း တစ်နှစ်ကြာပြီးနောက်တွင် တံတားကလေးဆီသို့ လူနာများကို ပြောင်းလွှဲကုသခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးအကြီးကျယ်ဆုံးသော ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာဝေါ်လတာချစ်ထွန်းသည် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံ (တံတားကလေး) တွင် ဆေးရုံအုပ်ကြီးအဖြစ် ၁၉၄၇ မတိုင်မီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံသည် လွတ်လပ်ရေးရလာသည့်အခါတွင် ထိုဆေးကုသရာအဆောက်အဦကို "စိတ်ကျန်းမာရေးဆေးရုံ" ဟု အမည်ပြောင်းလဲခဲ့သည်။[၄]
၁၉၅၁ ခုနှစ်ကာလသည် မြန်မာနိုင်ငံသည် စိတ်ကျန်းမာရေးဆိုင်ရာကုသစောင့်ရှောက်မှုအတွက် ထင်ရှားသည့် နှစ်တစ်ခု ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာနေဝင်းသည် အင်္ဂလန်မှ စိတ်ကျန်းမာရေးသင်တန်းပြီးဆုံးပြီးနောက်တွင် နိုင်ငံသို့ ပြန်လာခဲ့သည်။ သူသည် အကျဉ်းသားများစောင့်ရှောက်မှုကို အစားထိုးမှုများ လုပ်ဆောင်ခဲ့သည်။ လူနာများကို သီးသန့်ခွဲထားခြင်းနှင့် လက်တိုအင်္ကျီများကို ဝတ်ဆင်စေခြင်းနှင့် ဆေးရုံတွင် ထားရှိကာ စောင့်ရှောက်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။ သူသည် ၁၉၆၀ ခုနှစ်တွင် ဆေးရုံအုပ်ကြီး ဖြစ်လာခဲ့သည်။ နောက်ပိုင်း ၁၉၆၂ ခုနှစ်တွင် ဆေးရုံကို နိုင်ငံတော်စိတ်ကျမ်းမာရေးဆေးရုံ ဟု အမည်ပြောင်းခဲ့သည်။ ထို့နောက် ၁၉၆၇ ခုနှစ်တွင် "ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံ" ဟု အမည်ပြောင်းခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် ဒေါက်တာနေဝင်းကို "စိတ်ကျန်းမာရေး၏ ဖခင်ကြီး" အဖြစ် သိကြသည်။[၄]
၂၀၀၀ ခုနှစ်တွင် လူနာများအားလုံးကို ရွာသာကြီးရှိ ဆေးရုံသို့ ပြောင်းရွှေ့ခဲ့သည်။ နောက်ပိုင်းတွင် ထိုဆေးရုံကို "စိတ်ကျန်းမာရေးဆေးရုံ" ဟု ခေါ်ဆိုခဲ့ကြသည်။[၅]
သင်ကြားရေးအစီအစဉ်များ
ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ သင်ကြားရေးဆေးရုံတစ်ခု ဖြစ်သည်။
ကိုးကား