လင်းနပ်စ် |
Tux ပင်ကွင်းလေး, Linux ၏ လာဘ်ကောင် [၁] |
ဖန်တီးသူ | GNU ပရော့ဂျက်၊ လင်းနပ် တော်ဗဲလ် နှင့် အခြားသူများ |
---|
ပရိုဂရမ်းမင်းဘာသာစကား | Assembly language ၊ C နှင့်အခြား |
---|
အိုအက်စ်အဖွဲ့ဝင် | Unix ကဲ့သို့သော |
---|
လက်ရှိအခြေအနေ | လက်ရှိ |
---|
ရင်းမြစ်အမျိုးအစား | အခမဲ့ နှင့် လွတ်လပ်စွာသုံးစွဲနိုင်သောအရင်းအမြစ် |
---|
ဈေးကွက်ပစ်မှတ် | Desktops, servers, embedded devices |
---|
ရရှိနိုင်မည့် ဘာသာစကားများ | ဘာသာစုံ |
---|
ပလက်ဖောင်းများ | DEC Alpha, ARM, AVR32, Blackfin, ETRAX CRIS, FR-V, H8/300, Itanium, M32R, m68k, Microblaze, MIPS, MN103, PA-RISC, PowerPC, s390, S+core, SuperH, SPARC, TILE64, Unicore32, x86, Xtensa |
---|
ကာနဲလ် အမျိုးအစား | Monolithic |
---|
Userland | GNU and others |
---|
Default user interface | Graphical X ဝင်းဒိုး စနစ် ၊ နှင့် command-line interface |
---|
လိုင်စင် | Various including GNU General Public License, BSD License, Apache License, MIT License, and others[၂] |
---|
ဝက်ဘ်ဆိုဒ် | kernel.org |
---|
လင်းနပ်စ် (အင်္ဂလိပ်: Linux) ဆိုသည်မှာ ယူးနစ်စ် (Unix) နှင့် ဆင်တူသော ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် (Operating System) တစ်မျိုး ဖြစ်ပြီး လင်းနပ်စ် ကာနဲလ် (Linux kernel) ကို အသုံးပြုထားသည်။ လင်းနစ်ကို စက်တင်ဘာလ ၇ရက်နေ့ ၁၉၉၁ ခုနှစ်တွင် လိုင်းနက်စ် တော်ဗဲလ် က စတင်ထုတ်လုပ်ခဲ့သည်။ လင်းနပ်စ်ကို ကွန်ပျူတာ ဟတ်ဒ်ဝဲလ် အမျိုးမျိုးပေါ်တွင် တပ်ဆင် အသုံးပြုနိုင်ပြီး မိုဘိုင်းဖုန်းများ၊ တက်ဘလက် ကွန်ပျူတာများ၊ ရောက်တာများ နှင့် ဗွီဒီယိုဂိမ်း ကွန်ဆိုး များမှ စ၍ မိန်းဖရိမ် ကွန်ပျူတာများ နှင့် စူပါကွန်ပျူတာ များ အထိ တပ်ဆင်အသုံးပြုလေ့ ရှိသည်။ လင်းနပ်စ် သည် ဆာဗာ စက်လည်ပတ်ရေး စနစ် များတွင် ရှေ့မှပြေးလျက် ရှိသော စနစ်တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် အမြန်ဆုံးသော ကွန်ပျူတာ ၁၀ လုံးတွင် လင်းနပ်စ်ကို အသုံးပြုထားသည်။
လင်းနပ်စ်ကို ရေးသားတီထွင်ခြင်းမှာ အခမဲ့လွတ်လပ် သော အိုးပင်းဆို့စ်(open source) ဆော့ဖ်ဝဲလ်များကို ပူးပေါင်းရေးသားကြခြင်း၏ ထင်ရှားသော ဥပမာ တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် စနစ်၏ နောက်ခံတွင် ရေးသားထားသော ဆို့စ်ကုတ်ဒ် များကို အသုံးပြုခြင်း၊ လွတ်လပ်စွာ ပြင်ဆင်တည်းဖြတ်ခြင်း၊ ပြန်လည်ဖြန့်ဝေခြင်းတို့ကို စီးပွားရေး လုပ်ငန်းသုံး နှင့် စီးပွားရေး လုပ်ငန်းသုံးမဟုတ်သော ကိစ္စများ အတွက် မည်သူမဆို GNU ယေဘူယျ အများသုံး လိုင်စ အင် (General Public License ) ကဲ့သို့သော လိုင်စင်များဖြင့် အသုံးပြုနိုင်သည်။ လင်းနပ်စ် ထုတ်လုပ်မှု တော်တော်များများ (လင်းနပ်စ် Kernel အပါအဝင်) က GNU (ဂနု) မှ ထုတ်ပေးထားသော ဆော့ဖ်ဝဲများနှင် library တော်တော်များများကို ယူသုံးထားသည်။ လင်းနပ်စ် ထုတ်ဝေမှုတော်တော်များများ သည် "လင်းနစ်ပ်" နာမည်ကို ယူသုံးထားသော်ညား Free Software Foundation က "ဂနု/လင်းနပစ်" (GNU/Linux) ဟုခေါ်ယူသုံးဆွဲခဲ့သောကြောင့် ၊ အခြေနေတင်းမာမှုတော်တော်များများရှိခဲ့သေးသည်။
ပုံမှန်အားဖြင့် လင်းနပ်စ် ကို ပက်ကေ့ချ် (Package) ဟုခေါ်သော ပုံစံများအောက်တွင် စားပွဲတင် (Desktop ) နှင့် ဆာဗာ ကွန်ပျူတာ များအတွက် ဖြန့်ဝေလေ့ ရှိသည်။ ထင်ရှားသော လင်းနပ်စ် ဖြန့်ဝေမှုများတွင် ဒီဘီယံ (Debian) နှင့် ၎င်း၏ မျိုးကွဲဖြစ်သော ဦးဘွန်းတု (Ubuntu) ၊ ဖီဒိုရာ (Fedora ) နှင့် လင်းနပ်စ်မိန့် (linux mint)၊ အိုးပင်းဆူဆီ (openSUSE) စသည်တို့ ပါဝင်ကြသည်။ လင်းနပ်စ် ဖြန့်ဝေမှုများတွင် ရည်ရွယ်ထားသည့် အသုံးပြုမှုကို လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည့် လင်းနပ်စ် ကာနဲလ် နှင့် အတူ ကူညီပံ့ပိုးပေးသော အသုံးချ ဆော့ဖ်ဝဲလ်များ (utilities) နှင့် လိုင်ဘရီ များ ပါဝင်ကြသည်။
လင်းနပ်စ်တွင် အသုံးပြုနိုင်သည့် ဒတ်စတော့ environment များမှာ X Window System , GNOME နှင့် KDE တို့ဖြစ်ကြသည်။ အိုမင်းဟောင်းနွမ်းနေသော ကွန်ပျုတာများတွင်လည်းအသုံးပြုနိုင်ရင်အတွက် သုံးစွဲမှုနည်းသော Xcfe နှင့် LXDE များကိုလည်းရွေးချယ်နိုင်သည်။ အထက်ပါ Distro များတွင်တော့ သာမန်အဆင့်ရှိ ဂရစ်ဖစ်လုပ်ဆောင်မှုများပါရှိမည်မဟုတ်ပဲ ၎င်းအစား အပါချီ HTTP server နှင့် OpenSSH ကဲ့သို့သော SSH server များပါရှိမည်ဖြစ်သည်။ လင်းနစ်သည် မည်သူမဆိုလွတ်လပ်စွာ ဖြန့်ဝေနိုင်ပြီး မိမိစိတ်ကြိုက် Distro တစ်ခုကိုလည်းလွတ်လပ်စွာဖန်တီးနိုင်သည်။ Mozila Firefox ကဲ့သို့သော Web Browser များ OpenOffice နှင့် LibreOffice ကဲ့သို့ ရုံးသုံးဆော့ဝဲပေါင်းချုပ်များ GIMP ဟုခေါ်သော ပုံပြင် ဆော့်ဝဲများမှာ လင်းနပ်စ်တွင် ယေဘူယျပါဝင်လေ့ရှိကြသည်။
လင်းနစ်၏ ဖိုင်သိမ်းဆည်းမှု အကြမ်းမျဉ်း
/
Root directory ဖြစ်သည်။ ကျန်ရှိနေသော directory အားလုံးကို ရည်ညွှန်းရာဖြစ်သည်။
/bin
Linux ကို run ရန် မရှိမဖြစ် လိုအပ်သော binary file များ ပါဝင်သည်။
/boot
Linux ကို boot လုပ်ရန် လိုအပ်သော ဖိုင်များ ပါဝင်သည်။
/etc
အခြားသော Linux ပေါ်တွင် တင်ထားသည့် software များ၏ configuration
ဖိုင်များ ပါဝင်သည်။
/home
User အားလုံးတွင် ကိုယ်ပိုင် home directory များ (ဥပမာ Windows တွင်
My Documents ကဲ့သို့) ရှိကြသည်။ ၎င်း တို့ အားလုံးပါဝင်သည်။ ဥပမာ
သင်၏ user id သည် tomh ဆိုပါက သင်၏ My Documents (home-
directory) သည် /home/tomh ဖြစ်ပေမည်။
/lib
Linux တွင် လိုအပ်သော library ဖိုင်များ ပါဝင်သည်။ Windows ၏ DLL ဖိုင်များ
နှင့် ဆင်တူသည်။
/lost + found
Disk check လုပ်သော အခါ တွေ့ရှိရသည့် ပျက်ဆီးနေသော သို့မဟုတ်
မည့်သည့် directory နှင့်မျှ အဆက်အစပ် ရှိမနေ သော ဖိုင်များကို
ဤနေရာတွင် သိမ်းထားသည်။ ထိုသို့ ဖိုင်များ ရှိရခြင်းများ ကွန်ပြူတာအား
မှန်ကန်သော shut down မလုပ်ခြင်းကြောင့်ဖြစ်သည်။
/misc
အထွေထွေ ဖိုင်များ ပါဝင်သည်။
/mnt
အခြား ဆက်စပ် ကိရိယာများ (CD Rom, Floopy, Printer) နှင့် အခြား file
system များကို mount လုပ်ရာ နေရာဖြစ်သည်။
/opt
Optional software များ ပါဝင်သည်။
/proc
pseudo-filesystem များ ပါဝင်သည်။ အမှန်တွင် ၎င်းတို့သည် hardisk ပေါ်တွင်
မရှိကြပေ။ ထိုdirectory ထဲကို သင် ဝင်ရောက် ကြည့်ပါမှာ ၎င်းတို့
ကိုမြင်နိုင်ပေသည်။ ၎င်းတို့သည် System ၏ configuration parameter များဖြစ်ကြပြီး
Linux OS kernel ၏ memory ထဲတွင်သာ တည်ရှိကြသည်။
/root
Super-user (root) ၏ ကိုယ်ပိုင် home direcotry ဖြစ်သည်။
/sbin
System ကို စီမံခံ့ခွဲရာတွင် အသုံးချသော binaries များ ပါဝင်သည်။
/tmp
ယာယီဖိုင်များ ပါဝင်သည်။
/usr
User များနှင့် သက်ဆိုင်ရာ ဖိုင်များ directory များ ပါဝင်သည်။
/usr/bin
/bin တွင်အလွန် အရေးကြီးသော ဖိုင်များ ပါဝင်သည်ကို အထက်တွင် ဖော်ပြခဲ့ပြီ။ /usr/bin သည် လည်း ထို့နည်းတူ အခြား အရေးကြီးသော ဖိုင်များ
ပါဝင်သည်။
/usr/include
Program များကို develop လုပ်ရာတွင် compile လုပ်ရန် လိုအပ်သော header ဖိုင်များ ပါဝင်သည်။
/usr/lib
User များ၏ application များ အတွက် လိုအပ်သော library ဖိုင်များ ပါဝင်သည်။
/usr/local
လက်ရှိ ကွန်ပြူတာ ဖြင့်သာ သီးခြား သက်ဆိုင်သော ဖိုင်များ ပါဝင်သည်။
/usr/sbin
User စီမံခံ့ခွဲရာတွင် သုံးသော binaries များ ဝါဝင်သည်။
/usr/share
User အများကို (share) ဝေမျှပေးနိုင်သော ဖိုင်များ ပါဝင်သည်။
/usr/src
Linux kernel ၏ source code များပါဝင်သည်။
/usr/X11R6
X Window System ၏ လိုအပ်သော ဖိုင်များပါဝင်သည်။
/var
ပါဝင်သည့် အကြောင်းအရာများ မကြာခန ပြောင်းလဲသည့် ဖိုင်များပါဝင်သည။
/var/log
System ၏ log ဖိုင်များ ပါဝင်သည်။
/var/spool
စာပို့စနစ်၊ သတင်းနှင့် printer စသည်တို့နှင့် အခြားသော queue လုပ်ရသည့် အလုပ်မှန်သမျှတို့ပါဝင်သည်။
ကိုးကား
ဝီကီမီဒီယာ ကွန်မွန်းစ်တွင်
Linux
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
mysteryzillion Archived 5 March 2016 at the Wayback Machine.