ဘုရားငါးဆူပွင့်သော ကမ္ဘာကို ဘဒ္ဒကမ္ဘာဟု
ခေါ်သည်။ ဘုရားမပွင့်သော ကမ္ဘာလည်းရှိ၏။ ဘုရား
မပွင့်သော ကမ္ဘာကို ဘုရားမှ ဆိတ်ခြင်းကြောင့် သုည
ကမ္ဘာဟုခေါ်၏။ သုညကမ္ဘာမျိုး၌ ဘုရားပွင့်ရိုးထုံးစံ မရှိသည် သာမက၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာနှင့် စကြဝတေးမင်းတို့သော်မှ မပေါ်ချေ။ ဘုရားပွင့်သော ကမ္ဘာကိုကား ဘုရားမှ မဆိတ်ခြင်း
ကြောင့် အသုညကမ္ဘာဟု ခေါ်သည်။ ထိုဘုရားပွင့်သော အသုညကမ္ဘာသည်လည်း ဘုရားတစ်ဆူ ပွင့်လျှင် သာရကမ္ဘာ၊ နှစ်ဆူပွင့်လျှင် မဏ္ဍကမ္ဘာ၊ သုံးဆူပွင့်လျှင် ဝရကမ္ဘာ၊ လေးဆူပွင့်လျှင်
သာရမဏ္ဍကမ္ဘာ၊ ငါးဆူပွင့်လျှင် ဘဒ္ဒကမ္ဘာဟု ငါးပါးအပြားရှိသည်။ ငါးဆူထက် လွန်၍ကား မပွင့်ချေ။ ယခု ဤကမ္ဘာကား ဘုရား ငါးဆူပွင့်သော ဘဒ္ဒကမ္ဘာတည်း။
ဤကမ္ဘာမှစ၍ ရေတွက်လျှင် အထက်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း၊ ပွင့်လင်းတော်မူကြသော ဘုရားရှင်များနှင့် ကမ္ဘာ၏ အရေတွက်တို့မှာ -
ကမ္ဘာ ဘုရား
ထိုနောက် သေလ အသင်္ချေ သုဉ်း၏။
သာရကမ္ဘာ
ထိုနောက် ဘာသ အသင်္ချေ သုဉ်း၏။
သာရမဏ္ဍကမ္ဘာ
ထိုနောက် ဇယ အသင်္ချေ သုဉ်း၏။
ဝရကမ္ဘာ
ထိုနောက် ရုစိရ အသင်္ချေ သုဉ်း၏။
သာရကမ္ဘာ
ထိုနောက် ကမ္ဘာ ၆၉၉၉၉ အတိသုဉ်း၏။
မဏ္ဍကမ္ဘာ
ထိုနောက် ကမ္ဘာ ၂၈၁၉၉ သုဉ်း၏။
ဝရကမ္ဘာ
ထိုနောက် ကမ္ဘာ ၁၇ဝ၅ သုဉ်း၏။
သာရကမ္ဘာ
ထိုနောက် တစ်ကမ္ဘာသုဉ်း၏။
မဏ္ဍကမ္ဘာ
သာရကမ္ဘာ
ထိုနောက် ၅၉ ကမ္ဘာသုဉ်း၏။
မဏ္ဍကမ္ဘာ
ထိုနောက် ၂၉ ကမ္ဘာသုဉ်း၏။
ဘဒ္ဒကမ္ဘာ
ကမ္ဘာတွင် ဘုရားပွင့်ပုံ
ကမ္ဘာဖြစ်ပေါ်လာသည်ရှိသော် အကယ်၍ ဘုရားတစ်ဆူသာ ပွင့်သော ကမ္ဘာဖြစ်ငြားအံ့၊ ကမ္ဘာဦးအစ မဟာဗောဓိပင် ပေါက်ရောက်ရာ၌ ရှစ်ပါးသော ပရိက္ခရာအစုံ သီးသော ပဒုမာကြာတစ်ပင်ပေါက်၏။ နှစ်ဆူပွင့် ငြားအံ့၊ ပရိက္ခရာနှစ်စုံသီးသော ပဒုမာကြာတစ်ပင် ပေါက်၏။ သုံးဆူပွင့်ငြားအံ့၊ ပရိက္ခရာသုံးစုံသီးသော ပဒုမာ ကြာ
တစ်ပင်ပေါက်၏။ လေးဆူပွင့်ငြားအံ့၊ ပရိက္ခရာ လေးစုံသီးသော ပဒုမာကြာ တစ်ပင်ပေါက်၏။ ငါးဆူပွင့် ငြားအံ့၊ ပရိက္ခရာ ငါးစုံသီးသော ပဒုမာကြာ တစ်ပင်ပေါက်၏။
ဘုရားပွင့်မည့် ကမ္ဘာလော၊ မပွင့်မည့် ကမ္ဘာလောဟု ပှူနိမိတ်အကြည့် အရှုလာကြသော သုဒ္ဓါဝါသ ဗြဟ္မာတို့သည် ထိုပရိက္ခရာတို့ကို တွေ့မြင်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြ၍ ယူထားပြီးလျှင်၊ နောင်ပစ္ဆိမဘဝိက ဘုရားလောင်းတို့တောထွက်သောအခါ ကပ်လှူကြသည်။ ထိုထိုပွင့်ကုန်သော ဘုရားတို့သည် ဤဇမ္ဗူဒီပါလက်ယာ တောင်ကျွန်း၌သာလျှင် ပွင့်တော်မူကြကုန်သည်။
[၁]
ကိုးကား
- ↑ ၁.၀ ၁.၁ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)