တရားသူကြီးချုပ်မှာ တရားရေးကို စီရင်ရသော တရားလွှတ်တော်ချုပ်၏ သဘာပတိ ဖြစ်သည်။ တရားသူကြီးချုပ်များကို နည်းလမ်းအမျိုးမျိုးဖြင့် ရွေးချယ်ကြသည်။ နိုင်ငံအများစုတွင် ဝါရင့်တရားသူကြီးများကို တရားသူကြီးချုပ်နေရာ ပေးလေ့ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိပြည်ထောင်စုတရားသူကြီးချုပ်မှာ ဦးသာဌေး ဖြစ်ပြီး အသက်(၇၀)အထိ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။
တာဝန်ထမ်းဆောင်ခဲ့သူများ
မြန်မာနိုင်ငံလွတ်လပ်ရေးရသော ၁၉၄၈ မှ ယနေ့ခေတ်ကာလ ၂၀၂၃ အထိ တရားသူကြီးချုပ် အဖြစ်တာဝန်ယူခဲ့ကြသူများမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]
အမှတ်စဉ်
|
အမည်
|
စတင်ရက်
|
ပြီးဆုံးရက်
|
|
၁ |
ဆာဘဦး |
၄ ဇန်နဝါရီ ၁၉၄၈ |
၁၂ မတ် ၁၉၅၂ |
တရားလွှတ်တော်ချုပ်တရားဝန်ကြီးချုပ်
|
၂ |
ဦးသိန်းမောင် |
၂၂ မတ် ၁၉၅၂ |
၁၇ ဇူလိုင် ၁၉၅၇
|
၃ |
ဦးမြင့်သိန်း |
၁၇ ဇူလိုင် ၁၉၅၇ |
၁ မတ် ၁၉၆၂ |
နိုင်ငံတော်တရားဝန်ကြီးချုပ်
|
၄ |
ဦးဘိုကြီး |
၃၀ မတ် ၁၉၆၂ |
၁ မတ် ၁၉၆၅ |
တရားရုံးချုပ်တရားသူကြီးချုပ်
|
၅ |
ဒေါက်တာမောင်မောင် |
၇ ဇူလိုင် ၁၉၆၅ |
၁၂ ဇူလိုင် ၁၉၇၂
|
၆ |
ဦးလှသင်း |
၁၂ ဇူလိုင် ၁၉၇၂ |
၂ မတ် ၁၉၇၄ |
နိုင်ငံတော်တရားသူကြီးချုပ်
|
၇ |
သူရဦးအောင်ဖေ |
၃ မတ် ၁၉၇၄ |
၈ နိုဝင်ဘာ ၁၉၈၁ |
ပြည်သူ့တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ
|
၈ |
ဦးမောင်မောင်ကျော်ဝင်း |
၉ နိုဝင်ဘာ ၁၉၈၁ |
၁၉ ဇူလိုင်၁၉၈၂
|
၉ |
ဦးတင်အောင်ဟိန်း |
၁၁ အောက်တိုဘာ ၁၉၈၂ |
၁၈ စက်တင်ဘာ ၁၉၈၈
|
၁၀ |
ဦးအောင်တိုး |
၂၇ စက်တင်ဘာ ၁၉၈၈ |
၃၀ မတ် ၂၀၁၁ |
တရားရုံးချုပ်တရားသူကြီးချုပ်
|
၁၁ |
ဦးထွန်းထွန်းဦး |
၃၀ မတ် ၂၀၁၁ |
၂ ဩဂုတ် ၂၀၂၃ |
ပြည်ထောင်စုတရားသူကြီးချုပ် ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်
|
၁၂ |
ဦးသာဌေး |
၃ ဩဂုတ် ၂၀၂၃ |
လက်ရှိ
|
တရားလွှတ်တော်တရားသူကြီးချုပ်
တရားလွှတ်တော် (၁၄)ရပ်မှာ အောက်ပါအတိုင်း ဖြစ်သည် -
- ကချင်ပြည်နယ် တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဒေါ် အေးအေးမော်
- ကယားပြည်နယ် တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး
- ကရင်ပြည်နယ် တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဦးညွန့်လင်း
- ချင်းပြည်နယ် တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဦးနေစိုး
- စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဦးဇော်ထူး
- တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး
- ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်
- မကွေးတိုင်းဒေသကြီး တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဒေါ်မိမိမော်
- မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ
- မွန်ပြည်နယ် တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဦးညီညီစိုး
- ရခိုင်ပြည်နယ် တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဒေါ် မြအေး
- ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ၏ တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်
- ရှမ်းပြည်နယ် တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဦးသန်းဦးလွင်
- ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် ၏ တရားသူကြီးချုပ် ဦးဝင်းမြင့် [၂]
ကိုးကား