ခရစ္စမတ်ကျွန်း နယ်မြေဟု တရားဝင် လူသိများသော ကျွန်းသည် ဩစတြေးလျ ပြင်ပနယ်မြေ တစ်ခုဖြစ်သည် ၎င်းသည်ဂျာဗာကျွန်း နှင့် ဆူမတြာကျွန်း ၏တောင်ဘက် ၃၅၀ ကီလိုမီတာ (၂၂၀ မိုင်) ဝန်းကျင် အိန္ဒိယသမုဒ္ဒရာတွင် တည်ရှိပြီး ဩစတြေးလျပြည်မကြီးရှိ အနီးကပ်ဆုံးနေရာ၏ အနောက်မြောက်ဘက် ၁,၅၅၀ ကီလိုမီတာ (၉၆၀ မိုင်) ဝန်းကျင်တွင် တည်ရှိသည်။ ပါ့သ်မြို့ ၏ အနောက်မြောက်ဘက် ၂,၆၀၀ ကီလိုမီတာ (၁,၆၀၀ မိုင်) နှင့် စင်ကာပူနိုင်ငံ၏ တောင်ဘက် ၁,၃၂၇ ကီလိုမီတာ (၈၂၅ မိုင်) အကွာတွင် တည်ရှိသည်။ ဧရိယာသည် ၁၃၅ စတုရန်း ကီလိုမီတာ (၅၂ စတုရန်းမိုင်) ရှိသည်။
ကိုးကား